Quantcast
Channel: ခေတ်သစ်
Viewing all articles
Browse latest Browse all 263

အမေရိကန်အစိုးရမှ မြန်မာအစိုးရ နှင့် ကြံ့ခိုင်ရေးပါတီ တို့ကို ကျောသပ်ဆက်ဆံမှုများ ပြုလုပ်နေ

$
0
0

အမေရိကန်အစိုးရအနေဖြင့် တပ်မတော်အစိုးရမှ (၂ဝ၁ဝ)ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရ အသွင်ပြောင်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ အနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော လွှတ်တော်အသီးသီးနှင့် မြန်မာအစိုးရသစ်တို့ အမေရိကန်အစိုးရ အနေဖြင့်  ကျောသပ် ဆက်ဆံမှုများပြုလုပ်လျှက်ရှိနေကြောင်း စင်တာရောက်  Library အဖွဲ့ဝင်များ အတွင်းပြော ဆိုနေပါသည်။

 လက်ရှိမြန်မာအစိုးရသည် အမေရိကန်အစိုးရ နှင့် ဆက်ဆံရေးပြေလည်စေရုံသာ ကျောသပ် ဆက်ဆံမှုများပြုလုပ်ခြင်းခံရသလို အင်တိုက်အားတိုက် အကူအညီ ပေးမှုများကို တိုးတက် ဝင်ရောက်လာစေရေးအတွက် မြန်မာ့ငွေကြေးကို နိမ့်ကျစေသော တစ်ဒေါ်လာလျှင် မြန်မာငွေ တစ်ထောင် ကျပ်နှုန်းနီးပါးနှင့် လဲလှယ်ရန်အကြောင်းကို မြန်မာ့ရုပ်သံမှပြောဆိုခဲ့သော်လည်း တကယ်တမ်း အနေဖြင့်  ပြည်ပရင်းနှီးမြုပ်နှံမှုများရောက် ရှိခြင်းမရှိခဲ့သည့် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ပြည်သူလူထုမှ မြန်မာ့ငွေကြေးတန်းဖိုးကျဆင်းစေမှုအပေါ်အပြစ်မြင်စေခဲ့ကြောင်း ပြောဆိုနေပါသည်။
လက်ရှိတွင်လည်း မက် ဒရင်းအောဘရိုက် ရောက်ရှိပြီး အနိုင်ရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ် စားလှယ်အသီးသီးပါဝင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း တကယ် တမ်းတွင် (၂ဝ၁၅)ခုနှစ်ရွေးကောက်ပွဲအတွက် NLD အနိုင်ရကြောင်းFacts and Finding  ပြုလုပ်ခြင်း သာဖြစ်ကြောင်း ဝေဖန်ပြောဆိုနေပါသည်။

အမေရိကန်အစိုးရအနေဖြင့် ယခင်က သမ္မတ အိုဘားမားရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံမှ အတိုက် အခံ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် တက်ရောက်စေခဲ့ရာ ထိုအချိန်က အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ကိုကျော်သူရ အပါအ၀င် စုစုပေါင်း အတိုက်အခံနိုင်ငံရေးသမား (၁၅)ဦးခန့် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါသည်။သို့သော် တကယ်တန်း သင်တန်းများပေးမည် ဆိုသည့် အခါတွင် NLD မှ ၄င်းတို့ စာကြည့်တိုက်သို့ လာရောက်သူများကိုသာ အဓိက စေလွှတ်နေကြောင်း၊  ပုဇွန်တောင်မြို့မှ NLD ပါတီဝင် အောင်ဇင်အပါအ၀င်  NLD  မှ အင်တာနက်ကွန် ယက်စောင့်ကြည့်ရေးတာဝန်ခံများကို အမေရိကန်နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ပညာတော်သင်စေလွှတ်သင် ကြားစေလျှက်ရှိကြောင်းသိရှိရပါသည်။

 အနိုင်ရ ပြည်ခိုင်ဖြိုးပါတီကို ကျောသပ်ဆက်ဆံပြီး (၂ဝ၁၅)ခုနှစ် တွင် ပြည်ခိုင်ဖြိုးပါတီကို လွှတ်တော်မှ ဖယ်ရှားနိုင်ရေးရည်ရွယ်ချက်ဖြင့် ဆက်ဆံနေကာ ၊ ၄င်းတို့ အလိုကျ NLD ပါတီအနိုင်ရ ရှိရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးသာ အမေရိကန်အစိုးရ အတွက် အဓိက သာ  ဖြစ်နေကြောင်း  အမေရိကန်စင်တာ စာဖတ်သူများ ပြောဆိုလျက်ရှိကြောင်း သိရှိရပါသည် ။

Viewing all articles
Browse latest Browse all 263

Trending Articles