တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ KIA အုပ်ချုပ်မှုနယ်မြေ အတွင်းဖြစ်သော ပယင်း၊ ရွှေမှော်နယ်မြေဖြစ်သည့် ညောင်ပင်ကုန်း၊ ပယင်းမျော်၊ ချမ်း သာပယင်းမျော်၊ ချောင်းသာရွှေမှော်၊ နမ်ကွင်းရွှေမှော်များတွင် (၂-၇-၂၀၁၃)ရက် နေ့ ည (၁၀ဝဝ) ချိန်တွင် KIA တပ်ဖွဲ့ဝင်ရောက်၍ စစ်သားသစ် (၃ဝဝ)ခန့် ဝင်ရောက်စုဆောင်းသွား ကြောင်း သိရှိရပါသည်။
အဆိုပါ လူသစ်စုဆောင်းသွားသည့် တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ ၂ လက်အောက်ခံ ရင်း(၁၄)မှ ဖြစ် ကြောင်း၊ဧည့်စာရင်း စစ်ဆေးရန်ရှိသည်ဟု သော အကြောင်းပြချက်ဖြင့် လိမ်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ထိုကဲ့သို့ လူသစ်စုဆောင်းခြင်းကို အားမရသေးဘဲ (၃-၇-၂၀၁၃)ညပိုင်းတွင် ထပ်မံရောက်ရှိလာပြီး ရွှေမှော်များအတွင်းအလုပ်လုပ်နေသူ (၃၀)ခန့်ကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းကို အဆိုပါ ပယင်းတောင် တွင်တစ်နယ်တစ်ကြေးမှ အလုပ်လာရောက်လုပ်ကိုင်သူ ဦးစန်းလှိုင် (၄၂)နှစ် ၊ (ဘ) ဦးနိုင်အောင်၊ (၁၁/ကသန(နိုင်)၀၇၆၈၆၅)၊ ကုန်းရှိန်ကျေးရွာ ကျောက်တောမြို့၊ရခိုင်ပြည်နယ် နေထိုင်သူမှ သတင်းပေးပို့လာပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်နေစဉ်ကာလအတွင်း KIA တပ်ဖွဲ့ဝင်များသည် အပစ်အခတ် ရပ်စဲထားသော်လည်း စစ်သားသစ်များ စုဆောင်းမှုကို အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိနေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အောင်မြင်မှုများရှိနေသောလည်း ၄င်းတို့၏လုပ်ရပ်များသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်မှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများမှ စစ်စခန်းချထားမှုများ၊ လှုပ်ရှားမှုများ မဆောက်ရွက်မီကာလအတွင်း အခွင့်ကောင်းယူကာ တပ်သားသစ်များကို စုဆောင်းလေ့ရှိကြောင်း၊ တနိုင်းဒေသခံများမှ ပြောကြားခဲ့ပါသည်။