ကချင်ပြည်နယ် အတွင်းတပ်မတော်မှ ထိုးစစ်များရပ်ဆိုင်းထားရန် သမ္မတကြီး ဦးသိန်းစိန်မှ ကာချုပ် ဒုတိယဗိုလ်ချု့ပ်မှူးကြီးမင်းအောင်လှိုင်အား အမိန့်ပေးပြီးနောက်ပိုင်း တွင် နှစ်ဖက် စစ်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။
တပ်မတော် အနေဖြင့်လည်း စစ်သည်များ သက်သာ ချောင်ချီရေးနှင့် တိုက်ရည်ခိုက်ရည် ပြည့်ဝစေရေးအတွက် ကျည်ကာအကျီင်္များ၊ သံခမောက်များ ၀တ်ဆင်စေခြင်းဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တက်လာရေး ကျိုးပမ်းဆောင်ရွက်ခြင်း၊ Logistic ခေါ် အုပ်ချုပ် ထောက်ပံ့မှု များကိုလည်း ရိက္ခာ /ခဲယမ်းများလည်း စုပုံထားကြောင်း သိရှိရပါသည်။ တိုက်ပွဲဝင် စစ်သည်များ အနေဖြင့် ရိက္ခာပိုင်းဆိုင်ရာတွင်လည်း စည်သွပ်ရိက္ခာများအစားထိုးခြင်း၊ ခဲယမ်းပိုင်းတွင် လည်း ကပစ(ခေါ်) ကာကွယ်ရေးပစ္စည်း စက်ရုံမှ ထုတ်လုပ်သည့် လေခွင်းနှင့် ကလပ်စတာ ဗုံးများကို လည်း ဖြည့်တင်းထားပါသည်။ လနကအနေဖြင့်လည်း ၁၂၀မမ၊ ၁၅၅ မမ အမြောက် စွမ်းရည်မြင့်မားရေးနှင့် လိုအပ်သည့် ခဲယမ်းများကိုလည်း ဖြည့်တင်းထားပါသည်။
စစ်သည်များကိုလည်း တိုက်စစ် ထိုးစစ်ရပ်နား ထားချိန်တွင် အပြည့်အ၀ အားဖြည့် အနားယူကာ နောက်တန်းမှပေးပို့လာသော လစာပေးအဖွဲ့နှင့်အတူ စားသောက်ဖွယ်ရာများကို အပြည့်အ၀ ဖြည့် တင်းထားကြောင်း သိရှိရပါသည်။ တပ်မတော် အနေဖြင့် နောင်တစ်ကြိမ် ထိုးစစ်၊ တိုက်စစ်၊ ချီစစ်များတွင် ယခင်ကထက် ပိုမို အစွမ်းထက်လာမှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
တပ်မတော်နှင့် လားလားမျှ မယှဉ်နိုင်သော KIA သောင်းကျန်းသူ တပ်ဖွဲ့ ၏ အားဖြည့်မှုမှာ လားလားမျှ ဆန့်ကျင်နေကြောင်း စုံစမ်းသိရှိရပါသည်။ ရင်း(၆)ပြိုကွဲသွားပြီးနောက်ပိုင်း ပြန်ကျဲသွားေ သာ သောင်းကျန်း သူများသည် ဖားးကန့်ဒေသတွင်းအကောက်ဂိတ် စခန်းများ ဖွင့်လှစ်ထားခြင်း၊ ကုမဏီများအား အရပ်ဝတ်ဖြင့်သွားရောက်ကာ ရှိသည့်လူအား ကုမဏီတစ်ခုလျှင် တစ်လ ဆန်(၁၀) မဖြစ်မနေပေးရန်၊ ဆီနှင့် အခြား ကုန်ခြောက်ပစ္စည်းများကို လည်း အနည်းဆုံး (၁၀)ပိသာာ ပေးရန်နှင့် ငွေသား တရုတ်ငွေ ယွမ် ၂၀၀၀ ပေးရန်တို့ကို ခြိမ်းခြောက်တောင်းဆိုထားပြီး စစ်တပ်သို့ သတင်းပေးပါက ခေါင်းဖြတ်မည့် ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရပါသည်။ ဖားကန့်ဒေသတွင် လက်ရှိကုမဏီ ပေါင်း (၂၀၀)၀န်းကျင် ရှိနေပါသည်။
အဆိုပါ ဒေသတွင် တပ်မတော် မှ ထိုးစစ်ရပ်ဆိုင်းထားပြီး ဗျူဟာအဆင့် (၆)ဖွဲ့ရှိနေပါသည်။ တပ်မတော် မှKIA သောင်းကျန်းသူများအား သေနတ်သံ လုံးဝမထွက်ရန်နှင့်ရိက္ခာ အတွက် တောကောင် ပစ်ရပါ သည်ဆိုပြီး သေနတ်သံမထွက်ရန် ဒေသခံများမှ တဆင့်ပြောဆိုထားရပါသည်။ အကယ်၍ သေနတ်သံ တစ်ချက် KIA သောင်းကျန်းသူများဖက်မှကြားရပါက စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြု လုပ်သွားရမည် ဖြစ်ကြောင်း အခြေချစစ်ဗျူဟာ ခန္တီးမှ စစ်ဗျူဟာမှူးမှ ပြောဆိုခြိမ်းခြောက်ထားရကြောင်း သိရှီရပါသည်။