Quantcast
Channel: ခေတ်သစ်
Viewing all articles
Browse latest Browse all 263

လိုင်ဇာထိ လမ်းလျှောက် အဖွဲ့တွင် ကြံ့ဖွတ်မှ ၄ ဦးပါ၊ လမ်းတစ်လျှောက်သတင်းပေးပို့မှုများကြောင့် အာဏာပိုင်များမှ တားဆီးခြင်းခံရ

$
0
0
ကချင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ငြိမ်းချမ်းရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့မှ ငြိမ်းချမ်းရေးအလံ သယ်ဆောင်လမ်း လျှောက်လာသူ သံဃာ (၇)ပါး၊ ကျား (၃၈)ဦး၊ မ (၂)ဦး အဖွဲ့သည် (၁၃ဖေ၀၄)ရက်နေ့ (ဝ၆၄ဝ)ချိန် ရမည်သင်းမြို့နယ်၊ သဲကွဲကျေးရွာ မိုင်တိုင်အမှတ် (၂၈၅/၅)သို့ အရောက် တွင် ရမည်းသင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့်အဖွဲ့မှ အမိန့်ကြော်ငြာစာ အမှတ် (၁/၂ဝ၁၃)အား ဖတ်ကြားပြသပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရပါသည်။


 ထို့နောက် ရမည်းသင်းမြို့အတွင်း ဆက်လက်ဝင်ရောက်လာခဲ့ရာ ရမည်းသင်းမြို့နယ် NLD ပါတီမှ သဘာပတိအဖွဲ့ဝင် ဦးတင်ဝင်း၊ မြို့နယ်အဖွဲ့ဝင် ဦးကျော်ကျော်ဦးပါ (၇)ဦး မှတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ၄င်းနောက် NLD ပါတီမြို့နယ် ဥက္ကဌ ဦးမျိုးသိန်းနှင့် အဖွဲ့မှ ရေနှင့် လိမ္မော်သီးများတိုက်ကျွေးခဲ့ကြောင်း သိရှိရပါသည်။

ရမည်းသင်းနည်းပညာတက္ကသိုလ် ရှေ့အရောက်တွင် ကျောင်းသား (၁ဝ)ဦးခန့်မှ ပန်းကုံးစွပ်ကြိုဆို ခဲ့ကြောင်း၊ ၄င်းနောက် (၁၁၄ဝ)ချိန်တွင် ရမည်းသင်းမြို့၊ကျောင်းတိုက်စုရပ်ကွက်ရှိ ရန်အောင်မင်းကျောင်း ပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိပြီး နေ့လည်စာ စားသုံးရပ်နားခဲ့ကြောင်း၊ ထိုသို့ရပ် နားစဉ် မိတ္ထီလာမြို့နယ် (၈၈)ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင် ဦးစန်းလှိုင်ပါ (၆)ဦးလာ ရောက်တွေ့ ဆုံခဲ့ကြောင်းလည်းသိရှိရပါသည်။

 (၁၆၁၅)ချိန်တွင် ရမည်းသင်း NLD  ပါတီဥက္ကဌဦးမျိုးသိန်းမှ  ရမည်းသင်းမြို့နေ ဒေါက်တာ ဦးသန့်ဇင် အား ခေါ်ဆောင်ပေးပြီး လမ်းလျှောက်အဖွဲ့မှ ခြေထောက်နာေ နသူ များ အား ဆေးကုသပေးခဲ့ကြောင်း၊ ၄င်းအဖွဲ့သည် ကျောင်းတိုက်တွင် ညအိပ်ရပ်နားပြီး (၁၃ဖေ၀၅)ရက်နေ့ (ဝ၅ဝဝ)ချိန်တွင် တည်းခိုရာ ရန်အောင်မင်းကျောင်း တိုက်မှ ပျော်ဘွယ်မြို့ ဘက်သို့ဆက်လက်ထွက်ခွာသွားရာ ပျော်ဘွယ်သို့ ယနေ့ ညနေပိုင်းတွင်ရောက်ရှိရပ်နားနေပါသည်။ 

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့သည် မည်သည့်ပါတီ မည်သည်ပုဂ္ဂိုလ်စွဲမှ မပါရှိ ဘဲ မြန်မာပြည် တွင်း ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒဖေါ် ထုတ်ခြင်း ဖြစ်သော် လည်း နိုင်ငံတော် ပုန်ကန်မှု မဟုတ်ကြောင်း၊ သတင်းပေးများပါလာမှုအတွက် စိတ်က သိ ကအောက်ဖြစ် ရကြောင်းနှင့် သတင်းပေး များကြောင့် နေပြည်တော် ကို ဖြတ်ကျော် လာနိုင် သည်ကိုလည်း ရိပ်မိကြောင်း၊ လမ်းလျှောက်အဖွဲ့တွင် အဆိုပါကြံ့ဖွတ်သတင်းပေး များကိုလည်း ရိပ်မိပြီး သေချာပါက အဖွဲ့မှ ထုတ်ပယ်သွားရန်ရှိပါကြောင်း ယခင်က မိုးထိ မိုးမိ ရွှလုပ်သားများ ဆန္ဒပြလမ်းလျှောက်ပွဲသည် မိုးထိမိုးမိ ဒေသ ရမည်းသင်းမြီု့ သို့ရောက်ရှိခြင်း မရှိဘဲ ရေနီတွင် လူစုကွဲ သွားကြောင်း၊ ယခု လိုင်ဇာလမ်းလျှောက်အဖွဲ့သည် နေပြည်တော် ကိုကျော်လွန်ကာ ရမည်းသင်း ထိ  ရောက်ရှိလာသည်မှာ အံ့သြမိပါကြောင်း၊ 

လမ်းလျှောက်အဖွဲ့တွင် ဦးဆောင်ပါဝင်သူ ဦးဝင်းချိုမှ ပြောဆိုမှုများကို  သိရှိရပါသည်။

Viewing all articles
Browse latest Browse all 263

Trending Articles