Quantcast
Channel: ခေတ်သစ်
Viewing all articles
Browse latest Browse all 263

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ခရီးစဉ်တွင် ဒေသခံများက မကျေနပ်ကာ ဆန္ဒပြမှု နှင့် ကြုံတွေ့ရ

$
0
0
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာတွင် ပါဝင်သော ရွာများသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရာတွင် ပုသိမ်-မုံရွာ လမ်းဆုံနှင့် ကျော်ရွာ အကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်း  လာသည့် ယာဉ်တန်းအား အင်အား ၁၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူစုမှ ၀ိုင်းဝန်း ပိတ်ဆို့ခံ ခဲ့ရ သဖြင့် ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်း စုကြည်သည် ၁၂-၃-၂၀၁၃ ရက်နေ့တွင် လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး အပြီး သတ်အစီရင် ခံစာကို ထုတ်ပြန် ခဲ့ပြီးနောက် ဒေသခံများ လိုလားသည့် အခြေအနေ တစ်စုံ တစ်ရာ မပါဝင်သည့် အတွက် လည်းကောင်း၊ မြန်မာ ၀မ်ပေါင် ကုမ္ပဏီအား ဆက်လက် လုပ်ကိုင်သင့် သည်ဟု အစီရင်ခံ စာတွင် ပါရှိသည့် အပြင် မီးလောင်ဗုံး မဟုတ်ဆိုသည့် အချက် ကိုလည်းကောင်း မကျေမနပ် ဖြစ်နေကြသည်။ 

ဒေါ်အောင်ဆန်း စုကြည့် ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းဆုံနှင့် ကျော်ရွာ အကြားသို့ ရောက်ရှိနေ စဉ်တွင် ဆန္ဒပြ ခေါင်းဆောင်များ လိုက်ပါလာသော ဆိုက်ကယ်က ယာဉ်တန်း အရှေ့တွင် ပိတ်ဆို့၍ ဆက်လက် ထွက်ခွာရန် တားဆီးသဖြင့် ယာဉ်တန်း အရှေ့တွင် လိုက်ပါ လာသည့် NLD လုံခြုံရေး အဖွဲ့ဝင် များနှင့် အနည်းငယ် ပဋိပက္ခ ဖြစ်ပွား ခဲ့သည်။

ယင်းဖြစ်စဉ်အား ယာဉ်တန်းတွင် လိုက်ပါ လာသည့် တာဝန်ရှိ သူအချို့၏ ၀င်ရောက် ထိန်းသိမ်းမှု ကြောင့် ဆန္ဒပြ သူများသည် ပုသိမ်-မုံရွာ လမ်းအတိုင်း ၀မ်ပေါင် ကုမ္ပဏီ တည်ရှိရာ ဘက်သို့ ဆက် လက်ထွက်ခွာ သွားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းသည် စီမံကိန်းကြောင့် ဖျက်သိမ်း ခဲ့ရသ်ည့ ရွာလေးရွာအာ စု ပေါင်း၍ ပြန်လည် တည်ထောင် ထားသည့် ရွာသစ်ဘက်သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ပြီး အဆိုပါ ရွာရှိ စာသင်ကျောင်းတွင် ဒေသခံ များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒေသခံများမှ “စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖြေ အလိုမရှိ” “ပြည်သူ့ ဆန္ဒ ကိုသာ လိုက်နာပါ” “ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ၊ ချက်ချင်းထွက်သွား” ဟု ကြွေးကြော် ခဲ့သည်။

Viewing all articles
Browse latest Browse all 263

Trending Articles