Quantcast
Channel: ခေတ်သစ်
Viewing all articles
Browse latest Browse all 263

သတင်းစာလွပ်လပ်ခွင့်နှင့် ပတ်သက်၍ NLD ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့မှ ကျေနပ်မှုမရှိကြောင်းသိရ

$
0
0

ပုဂလိကသတင်းစာများကို ဧပြီလ(၁)ရက်နေ့မှစတင်ထုတ်ဝေခွင့် ပြုတော့မည်ဖြစ်ရာ သတင်း စာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ NLD ဗဟိုအဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့မှ ရှုမြင်ရာတွင် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အစိုးရဘက်မှဆက်လက် ထိန်းချုပ်ထားဆဲပင်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၃ခုနှစ်တွင် ပြင်ဆင်ရေးဆွဲ ပြဌာန်းခဲ့ သည့် မီဒီယာဥပဒေမှာ၁၉၆၂ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သော ဥပဒေကို အနည်းငယ် ပြင်ဆင်ရေးဆွဲထား သည့်ဥပဒေဖြစ်နေကြောင်း ဦးဝင်းတင်မှ ပြောကြားသွားခဲ့ပါသည်။


          ပုဂလိကမီဒီယာများအပေါ် အစိုးရဘက်မှ ဆက်လက်ချုပ်ကိုင်နေမှုများအပေါ် စာနယ်ဇင်အဖွဲ့ အစည်းများဘက်မှ မကျေမနပ်ဖြစ်နေကာ ၎င်းမီဒီယာဥပဒေအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှား မှုများ ပြုလုပ်သွားကြရန် ဦးဝင်းတင်မှ ဇော်သက်ထွေးအပါအဝင် သတင်းသမားများကွန်ယက်အဖွဲ့သို့ ညွှန်ကြားထားကြောင်း၊ အဆိုပါလှုပ်ရှားမှုအား ၂၁-၃-၂၀၁၃ ရက်နေ့မှစ၍ လှုပ်ရှားရန် ဇော်သက်ထွေး နှင့်ငြိမ်းသစ်တို့မှ စည်းရုံးလှုံ့ဆော်လျှက်ရှိကြောင်း သိရှိရပါသည်။

Viewing all articles
Browse latest Browse all 263

Trending Articles